မြန်အောင် ဇန်နဝါရီ ၈
မြန်အောင်မြို့နယ်၊ အင်ပင်မြို့အမှတ်(၃) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် နွေစပါးစိုက်တောင်သူများအား ဓာတ်မြေသြဇာပေးအပ်ပွဲကို ယနေ့နံနက် ၁၀ နာရီက အဆိုပါရုံး၌ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းထွန်းက အဖွင့်အမှာစကား ပြောကြားသည်။
ဆက်လက်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးစိုးမြင့်အောင်က စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးအတွက် သဘာဝမြေသြဇာနှင့် ဓာတ်မြေသြဇာစနစ်တကျ သုံးစွဲရမည့်နည်းလမ်းများ၊ ရွက်ဖျန်းဆေးနှင ပေါင်းသတ်ဆေး စနစ်တကျ သုံးစွဲသည့်နည်းလမ်းများနှင့် မျိုးကောင်းမျိုးသန့် ရွေးချယ်အသုံးပြုရေးတို့နှင့် ပတ်သက်၍ တောင်သူများအား ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့နောက် နွေစပါးစိုက်တောင်သူများအား ဌာနဆိုင်ရာတာဝန်ရှိသူများက ဓာတ်မြေသြဇာများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ထွန်းဇော်ထွန်း(ပြန်ဆက်)