မြန်အောင် ၆ ဇူလိုင်
မြို့နယ်အဆင့် ကလေးသူငယ်အခွင့် အရေးများဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းက မြန်အောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က အဖွင့်အမှာစကား ပြောကြားပြီး ဟင်္သာတခရိုင် လူမှုဝန်ထမ်းရုံး ခရိုင်ဦးစီးမှူး ဒေါ်ခင်မေဝင်းကျော်က ကလေးသူငယ် အခွင့်အရေးများနှင့် ပတ်သက်၍ရှင်းလင်းပြောကြားကာ မြန်အောင်မြို့နယ်အတွင်း ကလေးသူငယ်များနှင့်ပတ်သက်၍ ကူညီထောက်ပံ့မှုဆောင်ရွက်ပေးထားသည်များကို ရှင်းလင်းပြောကြားခဲ့သည်။
မြို့နယ်အဆင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးချိုချို၊ မြို့နယ်လူမှုဝန်ထမ်းရုံး ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ ဒုမြို့နယ်ရဲတပ်ဖွဲ့ မှူး ဒုရဲမှူးဌေးလွင်နှင့် မြို့နယ်အဆင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ အဖွဲ့ဝင်များတက်ရောက်ခဲ့ကြသည်။
ဝင်းဗိုလ် (မြန်အောင် ပြန်/ဆက်)


