မင်းဘူး ဇွန် ၁၃
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ နွေနှမ်းသီးနှံကို လျာထားချက်ထက်ကျော်လွန် စိုက်ပျိုးနိုင်ခဲ့ပြီး မိုးဦးကာလ အစောပိုင်း မိုးရွာသွန်းမှုများနှင့်အတူ ယခုအခါ သီးနှံများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက သိရသည်။
မင်းဘူး(စကု)မြို့နယ်အတွင်း နွေနှမ်းသီးနှံကို အိုင်းမဆည်၊ မဲဇလီဆည်၊ လျှပ်စစ်မြစ်ရေတင် ကမ်းနီ၊ ကျောက်စံနှင့် မြေအောက်ရေတို့မှ စိုက်ပျိုးရေ ရယူဆောင်ရွက်ခဲ့ပြီး လယ်ယာမြေများတွင် စမုံနက်နှင့် နှမ်းအဖြူမျိုးများကို ဒေသခံတောင်သူများက အများဆုံးစိုက်ပျိုးကြောင်း၊ နွေနှမ်းစိုက်ပျိုးချိန်တွင် မျိုးစေ့ထုတ်လုပ်ငန်းကို အထောက်အကူဖြစ်စေရန်အတွက် နွေနှမ်းမျိုးစေ့ထုတ် စိုက်ခင်းများကို ဖော်ဆောင်ထားရှိပြီး မြို့နယ်စိုက်ပျိုးရေးဦးဌာနက မျိုးစေ့၊ ရွက်ဖျန်းအားဆေးနှင့် နည်းပညာများကို ပံ့ပိုးကူညီဆောင်ရွက်ပေးထားကြောင်း၊ အပင်ဖြစ်ထွန်းမှုကာလတစ်လျှောက် မိုးဦးကျစောကာ နွေနှမ်းများ ကောင်းစွာဖြစ်ထွန်းပြီး အသီးများရင့်မှည့်ချိန်နီး၍ ဇူလိုင်လနှင့် ဩဂုတ်လများတွင် အပြီးသတ် သိမ်းဆည်းနိုင်မည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးဇော်လင်းက ပြောသည်။
မင်းဘူး(စကု)မြို့နယ်ရှိ လယ်ယာမြေများ၌ နွေနှမ်းသီးနှံကို ယခင်နှစ်တွင် ၂၁၀၇၄ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ယခုနှစ်တွင် နွေနှမ်းသီးနှံကို ၂၀၂၇၄ ဧက စိုက်ပျိုးရန် လျာထားဆောင်ရွက်ခဲ့ရာ ယနေ့အထိ ၂၃၄၇၁ ဧက စိုက်နိုင်ခဲ့သဖြင့် လျာထားချက်အပေါ် ၃၀၉၉ ဧက ပိုမိုစိုက်ပျိုးနိုင်ခဲ့ကာ ယခင်နှစ်ထက် ၂၃၉၇ ဧက ကျော်လွန်စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)