မင်းဘူး    ၂၁     ဩဂုတ်    


မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု) မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအတွက် လူဦးရေစာရင်းနှင့် အချက်အလက်များ ကွင်းဆင်း ကောက်ယူလျက်ရှိရာ ယနေအထိ စာရင်းကောက်ယူပြီးစီးမှု ၉၅ ရာခိုင်နှုန်း ကောက်ယူပြီးစီးပြီဖြစ်ကြောင်း သိရသည်။ 


လူဦးရေစာရင်းနှင့် အချက်အလက်များ ကွင်းဆင်းကောက်ယူရေး လုပ်ငန်းကို  ဇူလိုင်လ ၁၆ ရက်မှ စတင်ကောက်ယူလျက်ရှိရာ မင်းဘူး(စကု)မြို့ပေါ် ရပ်ကွက် (၇) ရပ်ကွက်၊ကျေးရွာအုပ်စု(၆၇) အုပ်စု၊ ကျေးရွာပေါင်း (၁၅၀)၊ လူဦးရေ (၄၃၅၆၈) ဦးရှိကြောင်း သိရပြီး ယနေ့အထိ ၉၅ ရာခိုင်နှုန်း စာရင်းကောက်ယူရရှိပြီး ဖြစ်ကြောင်းနှင့် သတ်မှတ်ကာလအတွင်း အချိန်မီကောက်ယူပြီးစီးနိုင်ရေး စဉ်ဆက်မပြတ် ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်လူဦးရေစာရင်းကောက်ယူရေး လုပ်ငန်းအဖွဲ့ အတွင်းရေးမှူး ဦးမောင်ကျော်သန်းထံမှ သိရသည်။


ကျော်စိုးဝင်း(မင်းဘူး)