နေပြည်တော် ၂၃ ဇူလိုင် 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့၊ (၁)ရပ်ကွက်နေ မစုစုလှိုင်(၃၅)နှစ်သည် ဇူလိုင် ၂၂ ရက် ညနေ ၄ နာရီခွဲတွင် စက္ကိန္တဲ(အနောက်ရပ်)သို့ မြက်ရိတ်သွားစဉ် အလျား ၄ ပေ၊ လုံးပတ် ၁၆ လက်မခန့် P15B မစ်ဇိုင်းဗုံးအမျိုးအစား၏ မော်တာအစိတ်အပိုင်း ၁ ခုတွေ့ရှိကြောင်း ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

သတင်းအရ မင်းဘူးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ မကွေးလေတပ်စခန်းဌာနချုပ်မှ တပ်မတော်သားများ ပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့ပြီး ပေါက်ကွဲမှု/အန္တရာယ် မရှိကြောင်းနှင့်  အဆိုပါ မော်တာအစိတ်အပိုင်းအား မကွေးလေတပ်စခန်းဌာနချုပ်မှ သိမ်းဆည်းသွားကြောင်း သတင်းရရှိသည်။

MDN