မင်းဘူး     ၆ ဇွန်        
  

 

ပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာ ဖြစ်သန်းသွားလာနိုင်စေရန် ရည်ရွယ်၍ မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့၊ ရွှေတပင်ကျေးရွာမှ ထောက်ရှာပင်ကျေးရွာအထိ မင်းဘူး-မကွေး လမ်းဘေးတစ်လျှောက် လမ်းမီးတိုင် စိုက်ထူးခြင်းလုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း မင်းဘူးမြို့နယ် လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ သိရသည်။

    

“ကျွန်တော်တို့ လမ်းမီးတိုင်စိုက်ထူးခြင်း လုပ်ငန်းများကို ၂၀၁၈-၂၀၁၉ တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေ ကျပ်သိန်း(၉၅၀) ဖြင့် မင်းဘူးအခြေစိုက် ချမ်းငြိမ်းသော်ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး မေလ(၆) ရက်နေ့ မှာ စတင်ဆောင်ရွက်ခဲ့ပါတယ်၊ အဓိကကတော့ အဲလမ်းက မှောင်နေလို့ ပြည်သူလူထုတောင်းဆိုမှုကြောင့် ဆောင်ရွက်ခဲ့တာပါ၊”ဟု မင်းဘူးမြို့နယ် လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေးလုပ်ငန်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

 

mdn

    

အဆိုပါ လမ်းတစ်လျှောက်တွင် မီးတိုင်(၇၉) တိုင် စိုက်ထူထားရှိပြီး ၁၀ဝ ကေဗွီအေ ထရန်စဖော်မာတစ်လုံး တပ်ဆင်ထားရာ ဇွန်လ(၅) ရက်နေ့တွင် ထရန်စဖော်မာအား မီးထည့်၍ စမ်းသပ်မီးလွှတ်ပေးခဲ့ကြောင်း သိရသည်။

    

မီးစမ်းသပ်ထုတ်လွှတ်ခြင်းကို တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်စွမ်းရည်၊ ဒုခရိုင် အုပ်ချုပ်ရေးမှူး ဦးကျော်ဇေယျ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ကံ၊ ခရိုင်လျှပ်စစ်အင်ဂျင်နီယာ ဦးကျော်ကျော်အောင်၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးရဲမြင့်ထွန်း၊ စည်ပင်သာယာရေးကော်မတီဥက္ကဌ ဦးနွဲ့အောင်၊ စည်ပင်အမှုဆောင်အရာရှိ ဦးဝင်းနိ်ုင်တို့မှ ကွင်းဆင်းစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

မျိုးမြတ်(မင်းဘူး)