နေပြည်တော် ၁၃ မေ
မြန်မာနိုင်ငံ၌ ရောက်ရှိနေသော မွန်ဂိုလီးယားနိုင်ငံ သမ္မတဟောင်း Mr. Elbegdorj ဦးဆောင်သောအဖွဲ့သည် ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် ထွက်ခွာလာရာ ညနေ ၆ နာရီ ၁၅ မိနစ်တွင် နေပြည်တော်သို့ ရောက်ရှိကြသည်။
ထို့အတူ နော်ဝေနိုင်ငံဝန်ကြီးချုပ်ဟောင်းနှင့် Oslo Center for Peace, Democracy and Human Rights ဥက္ကဋ္ဌ Mr. KjellMagneBondevik ဦးဆောင်သော အဖွဲ့သည် ထိုင်းနိုင်ငံဗန်ကောက်မြို့မှ လေကြောင်းခရီးဖြင့် ထွက်ခွာလာရာ ယနေ့ညနေ ၆ နာရီခွဲတွင် နေပြည်တော်သို့ ရောက်ရှိကြသည်။
မွန်ဂိုလီးယားနိုင်ငံ သမ္မတဟောင်း Mr. Elbegdorj နှင့် နော်ဝေနိုင်ငံ ဝန်ကြီးချုပ်ဟောင်း Mr. KjellMagneBondevik တို့အား နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက နေပြည်တော်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
(သတင်းစဉ်)