နေပြည်တော် ၂၇ ဇူလိုင် 
    

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ အမှတ်(၁၈)ရပ်ကွက်ရှိ သီရိလင်္ကာဘုန်းတော်ကြီးသင်ကျောင်းရှိ ကျောင်းဓမ္မာရုံတွင် ယနေ့ မွန်းလွဲပိုင်းက မြင်းခြံမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက မှုခင်းကျဆင်းရေး အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့သည်။
    

ဟောပြောပွဲ၌ မြင်းခြံမြို့မရဲစခန်းမှူး ဒုတိယရဲမှူး ရဲရန်အောင် ဦးစီးသည့် တပ်ဖွဲ့ဝင်များက ဆရာ/ဆရာမများ၊ ကျောင်းသား/သူများအား သက်ငယ်မုဒိမ်းမှုမဖြစ်ပွားစေရန် ရှောင်ကြည်ရမည့် အချက်များ၊ မူးယစ်ဆေးဝါး၏ ဆိုးကျိုးများ၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် ယာဉ်စည်းကမ်း လမ်းစည်းကမ်း လိုက်နာရမည့်အချက်များအား အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။


ရဲပြန်ကြား