မင်းကင်း ၂၂ စက်တင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး ၊ ကလေးခရိုင် ၊ မင်းကင်းမြို့ နယ်အတွင်းရှိ ကိုဗစ်-၁၉ ကပ်ရောဂါ ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများကို နိုင်ငံတော်အစိုးရမှ ယနေ့ နံနက်ပိုင်းတွင် တတိယအကြိမ်မြောက် ထောက်ပံငွေများ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ထိုသို့ပေးအပ်ရာ၌ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ ဦးဆန်းဗိုလ်နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် ပေးအပ်ခဲ့ကြသည်။
မင်းကင်းမြို့နယ်အတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု ၉၄၅၄ စုရှိရာ ထောက်ပံ့ငွေ စုစုပေါင်းကျပ် ၁၈၉ ဒသမ ဝ၈ သန်းဖြစ်ကြောင်း သိရသည် ။
လှငွေ(မင်းကင်း)