မင်းကင်း  ၈  နိုဝင်ဘာ

စစ်ကိုင်းတိုင်းဒေသကြီး မင်းကင်းမြို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးသို့ ယနေ့မွန်းလွဲ နာရီခွဲအထိ မြို့ပေါ်ရှိရပ်ကွက် ကျေးရွာအုပ်စုများမှ မဲရုံပေါင်း(၁၃၃)ရုံမှ (၁၈)ရုံမှ မဲပုံးများရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။

မင်းကင်းမြို့နယ်အတွင်းရှိ ကျေးရွာအချို့မှာမြို့နှင့်အလှမ်းဝေးကွာခြင်း၊ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကြောင့် မဲပုံးများရောက်ရှိမှု နောက်ကျခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး မင်းကင်းမြို့တွင်မဲဆန္ဒနယ်()တွင် မဲရုံပေါင်း(၆၁)ရုံနှင့် မဲဆန္ဒနယ်(၇၂) စုစုပေါင်းမဲရုံ (၁၃၃)ရုံထားရှိကာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ(၈၈၁၂၀)ဦး ရှိကြောင်းနှင့် ကြိုတင်ဆန္ဒမဲပေးပြီးသူ (၁၀၆၄၄)ဦး ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

ထန်းဖုန်(ပြန်/ဆက်)