မင်းကင်း ၈ နိုဝင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး မင်းကင်းမြို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးသို့ ယနေ့မွန်းလွဲ ၉ နာရီခွဲအထိ မြို့ပေါ်ရှိရပ်ကွက် ကျေးရွာအုပ်စုများမှ မဲရုံပေါင်း(၁၃၃)ရုံမှ (၁၈)ရုံမှ မဲပုံးများရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။
မင်းကင်းမြို့နယ်အတွင်းရှိ ကျေးရွာအချို့မှာမြို့နှင့်အလှမ်းဝေးကွာခြင်း၊ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကြောင့် မဲပုံးများရောက်ရှိမှု နောက်ကျခြင်းဖြစ်ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး မင်းကင်းမြို့တွင်မဲဆန္ဒနယ်(၁)တွင် မဲရုံပေါင်း(၆၁)ရုံနှင့် မဲဆန္ဒနယ်(၇၂) စုစုပေါင်းမဲရုံ (၁၃၃)ရုံထားရှိကာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ(၈၈၁၂၀)ဦး ရှိကြောင်းနှင့် ကြိုတင်ဆန္ဒမဲပေးပြီးသူ (၁၀၆၄၄)ဦး ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
ထန်းဖုန်(ပြန်/ဆက်)


