မင်းကင်း ၁၆ ဇူလိုင်
စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်မှ ရပ်ကျေးအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အဖွဲ့ဝင်များအား ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများ ဆွေးနွေးဟောပြောခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မင်းရာဇာခန်းမ၌ ဆွေးနွေးပို့ချခဲ့သည်။
ဆွေးနွေးပွဲတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ ဦးစီးအရာရှိ ဒေါ်ဖြူဖြူသင်းမှ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ အမိန့်ညွှန်ကြားချက်များ၊ မဲစာရင်းများကြေညာသည့်အခါ ဆောင်ရွက်ရမည့် လုပ်ငန်းများကို ဆွေးနွေးပို့ချ ခဲ့ပြီး တက်ရောက်လာသူများ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့သည်။
မင်းကင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အနေဖြင့် မဲစာရင်းများကို အချိန်မီကြေညာနိုင်ရန်၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် အခက်အခဲ မရှိစေရန်အတွက် ယခုလို ဆွေးနွေးပို့ချခဲခြင်းဖြစ်ပြီး ဆွေးနွေးပွဲသို့ ရပ်ကျေးအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ အဖွဲ့ဝင် ၆၄ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
မေသက်(ပြန်/ဆက်)


