အထက်မင်းလှ ၂၆ မေ
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၊ မလွန်ကျေးရွာအုပ်စု၊ ညောင်ပင်ကျင်းကျေးရွာတွင် သောက်သုံးရေရှားပါးနေသောကြောင့် မင်းလှမြို့နယ်ရဲတပ်ဖွဲ့မှ မေ ၂၆ နံနက် ၈ နာရီက သောက်သုံးရေများ သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
အဆိုပါ သောက်သုံးရေသွားရောက်လှူဒါန်းရာ၌ မင်းလှမြို့၊ မြို့မစခန်းမှူး ဒုတိယရဲမှူး သန်းလှိုင်နှင့် တပ်ဖွဲ့ဝင်များက ညောင်ပင်ကျင်းကျေးရွာ၌ သောက်ရေသန့်ဘူးကြီး ၁၀ဝ အား လှူဒါန်းပေးခဲ့ကြကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)
