မင်းလှမြို့နယ်အတွင်းမှ လေဘေးသင့် နေအိမ်များအား ကြက်ခြေနီအသင်းမှ ထောက်ပံ့လှူဒါန်း

မင်းလှ ၁၅  မေ 


ပဲခူးတိုင်းဒေသကြီး မင်းလှမြို့နယ်တွင် မေ ၅ ရက်က လေပြင်းတိုက်ခတ်မူကြောင့် ပြိုလဲခဲ့သည့် နေအိမ်(၂၄)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံပေးအပ်ခြင်းကို ယနေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌  ပြုလုပ်သည်။


အခမ်းအနားတွင် မြို့နယ်ကြက်ခြေနီအသင်းဥက္ကဌ ဦးဝင်းအောင်၊ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ မြို့နယ်တပ်ဖွဲ့မှူး ဦးလှိုင်မိုးတို့က လေဘေးသင့်ပြည်သူများ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးပြောကြားခြင်း၊ ဘေးအန္တရာယ် ကြုံတွေ့ရပါက ကြက်ခြေနီအဖွဲ့ထံသို့ အချိန်မီ အကြောင်းကြားပေးပါက ကူညီပေးသွားမှာဖြစ်ကြောင်း ပြောကြားပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းက ပေးပို့သော ကယ်ဆယ်ရေး ပစ္စည်းများအား ကျေးရွာအုပ်စုများ အတွင်းရှိ လေဘေးသင့်နေအိမ်(၂၄)လုံးမှ အိမ်ထောင်စုဝင်များအား ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။


ပေါက်စ (မင်းလှ)