မင်းလှ   ဇန်နဝါရီ   ၁၈

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် မိုးလုံလေလုံ အားကစားခန်းမ တည်ဆောက်လျက်ရှိရာ ၈၅ ရာခိုင်နူန်းခန့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း ဇန်နဝါရီ ၁၈ ရက်က တာဝန်ရှိသူထံမှ သိရသည်။

အားကစားခန်းမ တည်ဆောက်ခြင်းလုပ်ငန်းကို ၂၀၂၀-၂၀၂၁ ခုနှစ် ပြည်ထောင်စုဘတ်ဂျတ်ရန်ပုံငွေ ၂၇၉ ဒသမ ၉၉ ကျပ်သန်းဖြင့် အလျား ပေ ၁၂၀၊  အနံ ပေ ၉၀၊ အမြင့် ၃၆ ပေရှိ မိုးလုံလေလုံခန်းမ အမျိုးအစား ဖြစ်ကာ Grand Glory ကုမ္ပဏီမှ တာဝန်ယူတည်ဆောက်၍ ယနေ့အချိန်ထိ ၈၅ ရာခိုင်နူန်းခန့် လုပ်ငန်းဆောင်ရွက်ပြီးစီးကြောင်း၊ ဖေဖော်ဝါရီလ ဒုတိယပတ်အတွင်းဆောင်ရွက်ပြီးစီးမည်ဖြစ်ကြောင်းGrand Glory ကုမ္ပဏီ တာဝန်ရှိသူထံမှ သိရသည်။

အဆိုပါ အားကစားခန်းမ တည်ဆောက်ခြင်းပြီးစီးပါက ဒေသခံလူငယ်လူရွယ်များ ဖူဆယ်၊ ပိုက်ကျော်ခြင်း၊ ဘောလီဘော၊ ဘတ်စကက်ဘော စသည့် ရုံတွင်းအားကစားများ ကစားနိုင်မည်ဖြစ်ကြောင်း မြို့နယ် အားကစားမှူးထံမှ သိရသည်။

ပေါက်စ(မင်းလှ)