အထက်မင်းလှ ဇွန် ၃

 

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် အခြေခံပညာ ကျောင်းများကို ဇွန် ၃ ရက် နံနက်ပိုင်းမှ စတင်ဖွင့်လှစ်ခဲ့ရာ အခြေခံပညာ အထက်တန်းကျောင်း ၁၁ ကျောင်း၊ အထက(ခွဲ) ၁၈ ကျောင်း၊ အလက ၃၅ ကျောင်း၊ အလက(ခွဲ) ၂၀ ကျောင်း၊ မူလွန်ကျောင်း ၃၂ ကျောင်း၊ အမက ၄၂ ကျောင်း၊ အမက(ခွဲ) သုံးကျောင်း စုစုပေါင်း ၁၆၁ ကျောင်းရှိရာ အထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းသား၊ ကျောင်းသူ ၁၉၅၅၈ ဦး ရာခိုင်နှုန်း ၈၃ ဒသမ ၄၅ ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

 

ဇာဇာ(အထက်မင်းလှ)