အထက်မင်းလှ      ၂၆      နိုဝင်ဘာ

 

မကွေးတိုင်းဒေသကြီး   သရက်ခရိုင်   မင်းလှမြို့နယ်အတွင်းရှိ မသန်စွမ်းသူများအား လူမှုဝန်ထမ်း ဦးစီး ဌာနမှ ထောက်ပံ့ပေးလျက်ရှိရာ       ယမန်နေ့ နံနက်ပိုင်းမှ စတင်၍    ရပ်ကွက်/ ကျေးရွာများ ၌ ကွင်းဆင်း ထောက်ပံ့ပေးခဲ့ကြကြောင်း သိရသည်။

 

မင်းလှမြို့နယ်အတွင်းရှိ မသန်စွမ်းသူများအတွက်  ထောက်ပံ့ငွေများကို ရပ်ကွက်/ ကျေးရွာ အုပ်ချုပ် ရေးမှူးများ ၊  ရာအိမ်မှူး ၊ဆယ်အိမ်မှူးများ  ၊ရပ်/ကျေးစာရေးဝန်ထမ်းများက   သက်ဆိုင်ရာ ရပ်ကွက် ကျေးရွာများ အလိုက် အိမ်တိုင်ရာရောက် သွားရောက်ပေးအပ်ခဲ့ကြသည်။

 

လူမှုဝန်ထမ်းဦးစီးဌာနမှ   မင်းလှမြို့နယ်အတွင်းရှိ မသန်စွမ်းသူ (၂၇၈)ဦးအား တစ်ဦးလျှင် ငွေကျပ် သုံးသောင်းနှုန်းဖြင့် စုစုပေါင်း ငွေကျပ်၈၃၄၀ဝ၀ အား  ထောက်ပံပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ဇာဇာ(အထက်မင်းလှ)