အထက်မင်းလှ ၂၆ နိုဝင်ဘာ
မကွေးတိုင်းဒေသကြီး သရက်ခရိုင် မင်းလှမြို့နယ်အတွင်းရှိ မသန်စွမ်းသူများအား လူမှုဝန်ထမ်း ဦးစီး ဌာနမှ ထောက်ပံ့ပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းမှ စတင်၍ ရပ်ကွက်/ ကျေးရွာများ ၌ ကွင်းဆင်း ထောက်ပံ့ပေးခဲ့ကြကြောင်း သိရသည်။
မင်းလှမြို့နယ်အတွင်းရှိ မသန်စွမ်းသူများအတွက် ထောက်ပံ့ငွေများကို ရပ်ကွက်/ ကျေးရွာ အုပ်ချုပ် ရေးမှူးများ ၊ ရာအိမ်မှူး ၊ဆယ်အိမ်မှူးများ ၊ရပ်/ကျေးစာရေးဝန်ထမ်းများက သက်ဆိုင်ရာ ရပ်ကွက် ကျေးရွာများ အလိုက် အိမ်တိုင်ရာရောက် သွားရောက်ပေးအပ်ခဲ့ကြသည်။
လူမှုဝန်ထမ်းဦးစီးဌာနမှ မင်းလှမြို့နယ်အတွင်းရှိ မသန်စွမ်းသူ (၂၇၈)ဦးအား တစ်ဦးလျှင် ငွေကျပ် သုံးသောင်းနှုန်းဖြင့် စုစုပေါင်း ငွေကျပ်၈၃၄၀ဝ၀ အား ထောက်ပံပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)


