အထက်မင်းလှ ၂ ဇူလိုင်
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော မေထုန်မဲ့ သားစပ်သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ဆိတ်မွေးမြူရေးခြံရှိ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကြီး၊ သရက်ခရိုင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာခင်ဌေးမြင့်တို့က အဖွင့်အမှာစကားပြောကြားပြီး မင်းလှမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဝင်းသန်းက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ပြောကြားခဲ့သည်။
ထို့နောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကြီးနှင့် သရက်ခရိုင် မွေးမြုရေးနှင့် ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာခင်ဌေးမြင့်တို့က သင်တန်းမှတ်စု စာအုပ်များနှင့် တိရစ္ဆာန်သုံး ဆေးရည်များကို သင်တန်းသားများထံသို့ ပေးအပ်ခဲ့သည်။ အဆိုပါသင်တန်းကို သင်တန်းသား (၂၀) တက်ရောက်ပြီး ဇူလိုင် ၂ ရက်မှ ဇူလိုင် ၆ ရက်အထိ ငါးရက်ကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချမည်ဖြစ်ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)


