မင်းလှ ၂၆ မေ
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်အတွင်း မေ ၂၅ ရက် ညနေပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် ကျေးရွာအုပ်စုများတွင် လူနေအိမ် (၄၅) လုံး အမိုးလန်လုံးပျက်စီးပြီး နေအိမ်တစ်လုံး ပြိုလဲခဲ့ကြောင်း သိရသည်။

လေပြင်းတိုက်ခတ်မူကြောင့် ညောင်ပင်သာကျေးရွာတွင် နေအိမ် (၁၅)လုံး၊ ဗျက်ကြီးကျေးရွာတွင် နေအိမ်(၁၀)လုံး၊ ရွှေလောင်းကျေးရွာနှင့် ဆင်ချောင်းကျေးရွာတွင် နေအိမ်(၄)လုံး၊ မြောက်လွတ်ပင်ကျေးရွာတွင် နေအိမ်(၁)လုံး၊ သာယာကုန်းကျေးရွာတွင် နေအိမ်(၆)လုံး၊ အင်းဘုတ်ကုန်းကျေးရွာတွင် နေအိမ်(၇)လုံး အမိုးလန်ခြင်းနှင့် နေအိမ်တစ်လုံး ပြိုလဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ လေဘေးသင့် မိသားစုဝင်များအား ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များက နီးစပ်ရာဆွေမျိုးများ၏ နေအိမ်များတွင် ယာယီပြောင်းရွှေ့နေထိုင်နိုင်ရန် စီစဉ်ပေးထားပြီး လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ပေါက်စ(မင်းလှ)