မြင်းမူ ၄ ဇူလိုင်
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့ ကုတင်(၅၀)ဆံ့ ပြည်သူ့ဆေးရုံဝင်းအတွင်း ကျန်းမာရေး ဝန်ထမ်းများ နေထိုင်ရန်အတွက် ဝန်ထမ်းအိမ်ရာ တည်ဆောက်လျက်ရှိရာ ယခုအခါ ၉၅ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရှိရသည်။
ကျန်းမာရေးဝန်ထမ်းများအတွက် ဝန်ထမ်းအိမ်ရာကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ပြည်တောင်စု အစိုးရခွင့်ပြုရန်ပုံငွေ (၆၇၆ ဒသမ ၄)သန်းဖြင့် ချင်းတွင်း သီဟကုမ္ပဏီမှ တာဝန်ယူ တည်ဆောက်နေခြင်း ဖြစ်ပြီး သတ်မှတ်ကာလအတွင်း အပြီးတည်ဆောက်ကာ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနသို့ စနစ်တကျ လွဲပြောင်းပေးအပ်သွားမည်ဖြစ်ကြောင်း တည်ဆောက်ရေး တာဝန်ခံ ဒေါ်အိဖြူထံမှ သိရှိရသည်။
မြင်းမူမြို့ ပြည်သူ့ဆေးရုံတွင် ဆရာဝန်၊ ဆရာမများနှင့် ရုံးဝန်ထမ်း စုစုပေါင်း(၆၀)ကျော် တာဝန်ထမ်း ဆောက်လျက်ရှိရာ ဝန်ထမ်းအိမ်ရာ တည်ဆောက်ပြီးစီးပါက ကျန်းမာရေးဝန်ထမ်း မိသားစုများ နေထိုင်ရေးအတွက် များစွာအထောက်အကူပြု လာနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။
အောင်စိုးဖေ (မြင်းမူ)