မြောက်ဦး  ၆  ဇွန် 


    
ရခိုင်ပြည်နယ် မြောက်ဦးခရိုင် မင်းပြားမြို့နယ်ကျေးရွာအချို့ရှိ ခိုလှုံရာဘုန်းတော်ကြီးကျောင်းကယ် ဆယ်ရေးစခန်းများသို့ ခိုလှုံရောက်ရှိလာသော အိမ်ထောင်စုဝင်များ၊ သေဆုံးသွားသူများနှင့် ဒဏ်ရာရလူနာများ  အတွက် ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ ၁၂ နာရီက ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ အဆိုပါ ကယ်ဆယ်ရေးစခန်းများသို့ သွားရောက်ကာထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။


    
ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်းကို မင်းပြားမြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းငြိမ်းနိုင်၊ ဘေးအန္တရာယ်ဆိုင် ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမိုးနွယ်နှင့် ဝန်ထမ်းများက ခိုလှုံရာကယ်ဆယ်ရေး စခန်း ၇ ခုတွင်ရောက်ရှိခိုလှုံနေသော အိမ်ထောင်စုဝင်စုစုပေါင်း ၃၃၆ စုရှိ လူဦးရေ ၁၄၄၇ ဦးတို့အတွက် ကျားလုံ ချည်၊ မလုံချည် ၊ တဘက်နှင့် တီရှပ်ပါ ကယ်ဆယ်ရေးပစ္စည်းလေးမျိုးနှင့် တစ်လစာဆန်ရိက္ခာ ၄၃၄ အိတ်၊ ၂ ပြည် နှင့် ၄ ဗူးအား အဆိုပါကယ်ဆယ်ရေးစခန်းရှိ တာဝန်ခံများထံသို့ ပေးအပ်ထောက်ပံ့ခဲ့သည်။


    
ထို့နောက်တာဝန်ရှိသူများသည် မင်းပြားမြို့နယ်နှင့်မြောက်ဦးမြို့နယ်တို့တွင် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များကြောင့် ကျည်ထိဒဏ်ရာရရှိသူ လူနာ ၁၆ ဦးတို့အတွက် တစ်ဦးလျှင် ငွေကျပ်  ၅၀ဝ၀ဝ ကျပ်နှုန်းအား ထောက်ပံ့ ပေးအပ်ပြီး သေဆုံးသွားသူ ၇ ဦးတို့အတွက် တစ်ဦးလျှင် ငွေကျပ် ၃၀ဝ၀ဝ၀ နှုန်းစီကို သေဆုံးသွားသူ၏ မိသားစု ဝင်များထံ သို့သွားရောက်ကာ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း မြောက်ဦးခရိုင် ပြန်/ဆက်မှ သိရှိရသည်။


MDN

 

p[9