မင်းပြား  ၆ ဇွန်

 

မင်းပြားမြို့နယ်  ငါးလုပ်ငန်းဦးစီးဌာနနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနတို့ပူးပေါင်းပြီး ဒေသခံ ရေလုပ်သမားများအား ရေလမ်းကြောင်းပိတ်ဆို့ငါးဖမ်း အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက်(၉)နာရီက မင်းပြားမြို့နယ် သက်ပုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်သည်။

 

mdn

 

အခမ်းအနားတွင် ငါးလုပ်ငန်းဦးစီးဌာနနှင့် မင်းပြားမြို့နယ် ဦးစီးဌာနမှူး ဦးအောင်ငွေစိုးက ရေလုပ်သမားများ အနေဖြင့် မိုးဦးရာသီဖြစ်သည့် မေ ၊ ဇွန် ၊ ဇူလိုင်လများ၌ ဥပြည့်နေသည့်ငါးများအား ဖမ်းဆီးလိုက်ပါက မျိုးပွားပေါက် ဖွားလာမည့် သားပေါက်များပြုန်းတီးကာ ငါးမျိုးဆက်ပျက်သုဉ်းမည်ဖြစ်ပြီး ငါးအား သဘာဝအတိုင်းသာ ဖမ်းဆီးကြရန်  လှေ ၊ သင်္ဘောများ သွားလာနေသည့် ရေလမ်းကြောင်းအား ပိတ်ဆို့ငါးဖမ်း ပိုက်ထောင်ခြင်းမပြုလုပ်ကြရန် အသိပညာပေး ဟောပြောသည်။

 

ဆက်လက်ပြီး မင်းပြားမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းစိုးဦးက ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် မြစိမ်းရောင်စီမံကိန်း ၊ ကျေးလက် လမ်း ၊ ကျေးလက်သောက်သုံးရေရရှိရေး ၊ လျှပ်စစ်မီးရရှိရေးဆောင်ရွက်မှုများအား အသိပညာပေးဟောပြောကာ ရေလမ်းကြောင်းအား စက်လှေဖြင့် ကြည့်ရှုကြောင်း   (မြို့နယ်ပြန်/ဆက်) မှ သိရရှိသည်။

 

MDN