မင်းပြား ၁၄ မေ     


                                                                                       
မိုးရာသီ စပါးစိုက်တောင်သူများအနေဖြင့် မိုးကျချိန်တွင် အချိန်မီ စိုက်ပျိုးနိုင်ရေးနှင့် လုပ်ငန်းများ အဆင်ပြေစေရန် နိုင်ငံတော်က  စိုက်ပျိုးစရိတ်ငွေများကို ထုတ်ချေးပေးလျက်ရှိရာ မြောက်ဦးခရိုင် မင်းပြားမြို့နယ် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲ မှ မြို့နယ်အတွင်း တောင်သူများကို ယနေ့ နံနက်ပိုင်းကစတင်၍ ၂၀၁၉ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။

 

wef

 

မင်းပြားမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မန်နေဂျာ ဦးဝင်းလှိုင်က သတ်မှတ်အချိန်အတွင်း ချေးငွေများကို အကျေပြန်လည်ပေးဆပ်ရန်၊ လယ်ယာစိုက်ပျိုးရေးတွင်ချေး ငွေကိုအသုံးပြုရန်နှင့် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေ စည်းကမ်းချက်များကို ရှင်းလင်းပြောကြားသည်။

 

မင်းပြားမြို့နယ်တွင် အုပ်စု ၆၂ စုနှင့် ရပ်ကွက် ၈ ရပ်ကွက်ရှိပြီး စပါးစိုက်တောင်သူများကို တစ်ဧကလျှင် ငွေကျပ် ၁၅၀ဝ၀ဝ နှုန်းဖြင့် ထုတ်ချေးပေးလျက်ရှိပြီး စိုက်ပျိုးရေးချေးငွေ ပထမဆုံးပေးဆပ်သည့် ကျေးရွာအုပ်စု နှစ်အုပ်စုမှတောင်သူ ၂၈ ဦးအား ငွေကျပ် ၂၆၄ဝဝဝဝဝ ကို ထုတ်ချေးပေးကြောင်း သိရသည်။


                                                                                          
ဝင်းမင်းစိုး (ပြန်/ဆက်)