မင်းတပ် ၁၃ မေ   
            
ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့ မြို့အဝင်အထွက် ပူးပေါင်းစစ်ဆေးရေးဂိတ်၌ တရားမဝင်ကုန်သွယ်မှုမရှိစေရေးအတွက် ယနေ့နံနက် ၈ နာရီတွင် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့မှ မော်တော်ယာဉ်များနှင့် ဆိုင်ကယ်များအား တားဆီးစစ်ဆေးလျက်ရှိကြောင်း သိရသည်။

ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးလွင်နှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မျိုးညီညီတို့က ကြီးကြပ်ကာ ယာဉ်မောင်းလိုင်စင်များ၊ ယာဉ်လိုင်စင်များနှင့် ယာဉ်ပေါ်တွင် တရားမဝင်ပစ္စည်းများမပါရှိစေရေးအဓိက စစ်ဆေးကြပြီးယာဉ်မောင်းရာတွင်လိုက်နာ ရမည့်အချက်များကို မှာကြားကာ ယာဉ်မောင်းနှင့်ယာဉ်ပေါ်တွင် သောက်စားမူးယစ်သူများပါမပါကိုပါ စစ်ဆေးရာ စစ်ဆေးမှုတွင် မော်တော်ယာဉ်တစ်စီးနှင့် ဆိုင်ကယ်သုံးစီး ဖမ်းဆီးရမိကြောင်း သိရသည်။

ကေအက်စ်အမ်(ခရိုင်ပြန်ဆက်)