မင်းတပ်  ၂၃  ဩဂုတ်

ပြည်သူများ မဲပေးပိုင်ခွင့်ဆုံးရှုံးမှုမရှိစေရေးအတွက် မဲစာရင်းနှင့် ကုတ်နံပါတ်များ အိမ်တိုင်ရာရောက် ကပ်ထားခြင်းကို ရပ်ကွက်ကော်မရှင် အဖွဲ့ခွဲများနှင့် ဌာနဆိုင်ရာများပူးပေါင်းပြီး ဩဂုတ် ၂၃ ရက် နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့ကြသည်။

 

မင်းတပ်မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအနေဖြင့် အိမ်ထောင်စုတစ်ခုကို ကုတ်နံပါတ်တစ်ခုစီ သတ်မှတ်ပေးပြီး အဆိုပါကုတ်နံပါတ်တွင် အိမ်​ထောင်စု အတွင်း မဲပေးပိုင်ခွင့်ရှိသူ၏ အမည်များကို ဖော်ပြထားတာဖြစ်ပါသည်။ မဲဆန္ဒရှင်စာရင်းမှာ အမည်စာရင်းကျန်ရှိမှု ရှိ/မရှိကို အလွယ်တကူ သိရှိနိုင်ပြီး၊ အမည်စာရင်းမပါဝင်ပါက ပုံစံ (၃) ဖြင့် အချိန်မီပြန်လည်လျှောက်ထားနိုင်အောင် ယခုလို ကပ်ထားပေးခြင်းဖြစ်သည်။

 

မင်းတပ်မြို့နယ်ရှိ ကျေးရွာအုပ်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ၊ အဖွဲ့ဝင်များအနေဖြင့် ဩဂုတ်လ (၂၀) ရက်နေ့မှစတင်ပြီး ကုတ်နံပါတ်များ ကပ်ထားနိုင်ဖို့ ဆောင်ရွက်ထားတာဖြစ်ပြီး ကုတ်နံပါတ်များ ကပ်ထားခြင်းကို တစ်အိမ်တက်ဆင်း (Door To Door) စနစ်ဖြင့် မဲစာရင်းတိုက်ဆိုင်စစ်ဆေးခြင်းများ ဆောင်ရွက်နေခြင်းဖြစ်​ကြောင်း သိရှိရသည်။

#MRTV