မင်းတပ် ၄ သြဂုတ်
ချင်းပြည်နယ်မင်းတပ်မြို့တွင် မိုးသည်းထန်စွာရွာသွန်းနေမှုကြောင့် မြူများ အုံ့ဆိုင်းကျကာ လမ်းမကြီး တစ်လျှောက်တွင် ကား/ဆိုင်ကယ်များ အထူးသတိပြု သွားလာနေရကြောင်း သိရသည်။
မင်းတပ်မြို့သည် ပင်လယ်ရေမျက်နှာပြင်အထက်၊ အမြင့်ပေ(၄၈၆၀)တွင် တည်ရှိပြီး ယနေ့ နံနက် ၉ နာရီခန့်က မင်းတပ်မြို့မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာ၏တိုင်းထွာ ချက်များအရမိုးရေချိန် (၁.၅၃) လက်မရှိပြီး ယခင်နှစ်များထက် မိုးရွာသွန်းမှုများ အားကောင်းလျက်ရှိသည်။ နောက်နှစ်ရက်အတွက် ခန့်မှန်းချက်များအရ မိုးဆက်လက်ရွာသွန်းကာ ဘင်္ဂလားပင်လယ်အော်၌ လေဖိ အားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်မည်ဟု ခန့်မှန်းရကြောင်းမင်းတပ်မြို့၊ မိုးလေဝသနှင့်ဇလဗေဒတာဝန်ခံ ဦးဟုန်းအွမ်ဖေ က ပြောကြားသည်။
ယာဉ်များအန္တရာယ်ကင်းစွာ သတိပြုမောင်းနှင်နိုင်ရေးအတွက် လမ်းမကြီးတစ်လျှောက်တွင် မြန်မာနိုင်ငံယာဉ်ထိန်းတပ်ဖွဲ့နှင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့များက ကြပ်မတ်ဆောင်ရွက်လျက်ရှိပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မင်းတပ်မြို့ပေါ်အတွင်း မြေပြိုနိုင်သည့်နေရာများကို တာဝန်ရှိသူများက လိုက်လံသတိပေး နှိုးဆော်လျက်ရှိကြောင်း သိရသည်။
လင်းလင်း(ပြန်/ဆက်)