မင်းတပ်  ၂   ဇူလိုင်

 

မင်းတပ်မြို့ အရှေ့ပြင်ရပ်ကွက်ရှိ ခေါမ်ခွီးသောက်ရေသန့်စက်ရုံသို့ မင်းတပ်ခရိုင်အစားအသာက်နှင့် ဆေးဝါးကွက်ကဲရေး ဦးစီးဌာနမှ ဒုကြီးကြပ်ရေးမှူး ဦးကျော်ဆန်းလှိုင်၊ ခရိုင်ကျန်းမာရေးဦးစီးဌာန မှ ဒေါက်တာ ဇော်ဝင်းနိုင်နှင့် မြို့နယ်ကျန်းမာရေးမှူး ဦးသိန်းတိုးဦးတို့က ယနေ့နံနက် ၁၀ နာရီအချိန်တွင် သွားရောက်ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။

 

မင်းတပ်ခရိုင် အစားအသောက်နှင့် ဆေးဝါးကွက်ကဲရေးဦးစီးဌာနမှ ဒုကြီးကြပ်ရေးမှူး ဦးကျော်ဆန်းလှိုင် က" အရှေ့ပြင်ရပ်ကွက်မှာရှိတဲ့ ခေါမ်ခွီးသောက်ရေသန့်စက်ရုံရဲ့ စက်ရုံတည်ဆောက်မှုအနေအထား၊ စက်ပစ္စည်းတပ်ဆင် ထားမှု၊ ရေသန့်ထုတ်လုပ်မယ့်ရေရဲ့ ကောင်းမွန်မှုအခြေအနေ ၊ ရေသန့်ထုတ်လုပ်မှု အဆင့်ဆင့်နှင့် ထားသိုမှုစနစ်တွေကို ပဏာမကွင်းဆင်းစစ်ဆေးတာဖြစ်တယ်၊ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေတဲ့ကာလမို့ ပြည်နယ်ရုံးအဖွဲ့ကလည်း လာရောက်ကွင်းဆင်းနိုင်ဖို့ အခက်အခဲရှိတယ်၊ အခုလည်း ချင်းပြည်နယ်ရုံးက လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဂျိုးဇက်ဗန်ဘွေအုပ်ကနေ Video Call နဲ့ကြည့်ရှုပြီး လိုအပ်တာတွေ ပြန်လည်ပြင်ဆင်ခိုင်း တာရှိတယ်" ဟုပြောကြားသည်။

 

မင်းတပ်မြို့နယ်အတွင်း သောက်ရေသန့်ထုတ်လုပ်ရန် တင်ပြလာသည့် ရေသန့်စက်ရုံ(၂)ရုံရှိသော်လည်း အစားသောက်နှင့် ဆေးဝါးကွက်ကဲရေး ဦးစီးဌာန၏ ထောက်ခံချက်ရရှိပြီးမှသာ သောက်ရေသန့် ထုတ်လုပ်ရောင်းချကြရန် အသိပေး ညွှန်ကြားထားပြီးဖြစ်ကြောင်း  သိရသည်။

 

ဆလိုင်းအောင်(ပြန်/ဆက်)