မင်းတုန်း ၁၉ မေ
မင်းတုန်းမြို့နယ်၊ တိုင်တားကျေးရွာအုပ်စု၊ ကန်လည်ကျေးရွာတွင် တိမ်ကောသွားသော မိုးရေလှောင်ကန်အား ယနေ့နံနက် ၉ နာရီက အလှူရှင်များ၏ လှူဒါန်းငွေဖြင့် ပြန်လည်တူးဖော်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သူစိုးမှ ကွင်းစစ်ဆေးခဲ့သည်။

အဆိုပါမိုးရေလှောင်ကန် တိမ်ကောသွားခြင်းကြောင့် ရေများခန်းခြောက်လျက်ရှိကာ ယခုနှစ်နွေရာသီတွင် သောက်ရေအခက်အခဲဖြစ်ပေါ်လျက်ရှိပြီး နောက်နှစ်အတွက် ယခုကဲ့သို့ သောက်ရေရှားပါးမှု မရှိစေရန် ကန်ကြီးပြန်လည်တူးဖော်နိုင်ရေး မြို့နယ်အုပ်ချုပ်ရေးမှူး၏ ဦးဆောင်လမ်းညွှန်မှုဖြင့် အလှူရှင်ဗိုလ်မှူးဇော်ဝင်းဦးမှ (၂၀ဝ၀ဝ၀)ကျပ်၊ TN Family Company မှ ကိုကျော်မင်းထက်မှ (၃၅၀ဝ၀ဝ)ကျပ်နှင့် ကျေးရွာသူ ကျေးရွာသားများမှ စုပေါင်းထည့်ဝင်ငွေ (၃၀ဝ၀ဝ၀)ကျပ်တို့ဖြင့် အဆိုပါမိုးရေလှောင်ကန်ကြီးအား ပြန်လည်တူးဖော်လျက်ရှိကြောင်း သိရသည်။
ချင်းကလေး(မင်းတုန်း)