မင်းတုန်း ၁၃ မေ 

သရက်ခရိုင်၊ မင်းတုန်းမြို့နယ်တွင် မေ ၁၂ ရက်နေ့ ညနေ ၄ နာရီ ၁၅ မိနစ် မှ မိနစ် ၅၀ အထိ လေပြင်းတိုက်ခတ်မှုကြောင့် ငါးခူအိုးကျေးရွာအုပ်စု၊ ရွာပုလဲကျေးရွာနှင့် ဒေါင်းသမားလေးကျေးရွာတို့တွင် လူနေအိမ် (၁) လုံးစီနှင့် ပဲမြောက်ကျေးရွာအုပ်စု၊ ပဲမြောက်ကျေးရွာတွင် လူနေအိမ် (၁) လုံး၊ စွန်သိုက်ကျေးရွာတွင် လူနေအိမ် (၄) လုံးနှင့် စပါးစက်ရုံ (၁) ရုံ၊ စုစုပေါင်းလူနေအိမ် (၇) လုံးနှင့် စပါးစက်ရုံ (၁) ရုံတို့ အမိုးလန်ပျက်စီးခဲ့သည်။

 

30056

 

အဆိုပါ လေပြင်းတိုက်တိုက်ခတ်မှုကြောင့် နေအိမ်အမိုးလန်ပျက်စီးဆုံးရှုံးသူများအား ယနေ့မွန်းလွဲ ၁ နာရီတွင် သရက်ခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနမှ ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများ လာရောက်ထောက်ပံ့ပေးအပ်ရာ ပဲမြောက်အုပ်ချုပ်ရေးမှူးမှ လက်ခံရယူပေးခဲ့ကြောင်း သိရသည်။

ချင်းကလေး(မင်းတုန်း)