မင်းတုန်း   ၂၂  သြဂုတ်

မကွေးတိုင်းဒေသကြီး မင်းတုန်းမြို့နယ်တွင် သြဂုတ် ၂၁  ညနေပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကံလည်-ကြို့ကုန်း ကျေးရွာချင်းဆက် လမ်းပေါ်ရှိ အိုင်းမချောင်းကူးတံတားမှာ ရေလယ်တိုင်နှစ်တိုင် မျောပါပျက်စီးခြင်းနှင့် ချဉ်းကပ်လမ်း ပေ ၂၀ ခန့် ပြိုကျပျက်စီးခဲ့ကြောင်း သိရသည်။

အဆိုပါ ကျေးရွာချင်းဆက်တံတားမှာ အိုင်းမချောင်းကူး ကျောက်ရိုးစီ သစ်သားတံတားဖြစ်ပြီး တံတားပျက်စီးခဲ့သည့်အတွက် ယာဉ်များ ဖြတ်သန်းမရသော်လည်း ခြေလျင်ဖြတ်သန်း၍ရကြောင်း သိရသည်။

ပျက်စီးခဲ့သည့် အဆိုပါတံတားအား ကျေးလက်လမ်း ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ပြန်လည်ပြုပြင်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ချင်းကလေး(မင်းတုန်း)

 

mdn