လေရှီး ၂၁ အောက်တိုဘာ
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ရဒေသ လေရှီးမြို့နယ်အတွင်း နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ ချစ်ကြည်ရေး စီမံကိန်းဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် (စတုတ္ထအကြိမ်) အိန္ဒိယနိုင်ငံ ထောက်ပံ့ ရန်ပုံငွေကျပ် (၁၇၄၉၆၅)သန်း လေရှီးမြို့နယ်၊ လေရှီး-ဆပ်ပြာ-ချယ်ရာ-အဝခေါင်လမ်းမပေါ်ရှိ ချယ်ရာ ချောင်းကူး တံတားပေ(၇၀×၁၄) ဘေလီတံတား ဆောင်ရွက်ပြီးစီးမှု အခြေအနေအား ယနေ့ နံနက်ပိုင်းက မြို့နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးမှ ဦးခင်မောင်လင်း၊ လက်ထောက် ညွှန်ကြား ရေးမှူးနှင့် တာဝန်ရှိသူများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ တံတားကို ဟောလေးလံဝါး ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်လျက်ရှိပြီး တံတား၏ ခိုင်ခံ့မှု အရည်အသွေး စစ်ဆေးခြင်း၊ လိုအပ်သော လုပ်ငန်းများအား စစ်ဆေးလမ်းညွှန်မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ တံတားသည် မြို့နယ်အတွင်းရှိကျေးရွာ (၁၀)ရွာနေ ဒေသခံပြည်သူများအတွက် လမ်းပန်း ဆက်သွယ်ရေးမှာ ယခင်ကထက် ပိုမိုကောင်းမွန်လာမည်ဖြစ်ကြောင်း လက်ထောက်ညွှန်ကြားရေးမှူး၊ ဦးခင်မောင်လင်း ပြောကြားချက်အရ သိရှိရသည်။
ခဘိုး(လေရှီး)


