မြန်မာ - ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နှစ်ဖက်ညှိနှိုင်း၍ ရေမိုင်လှည့်ကင်း ဆောင်ရွက်

နေပြည်တော် ၃၁   မေ 
    

မောင်တောမြို့နယ်၊ နယ်မြေ(၇)၊ မကျီးချောင်းချောင်းဝရဲကင်းစခန်းမှ ဒုရဲမှူး နိုင်အောင်သူ ဦးစီးသည့် ရေယာဉ်တပ်ဖွဲ့စု(မောင်တော)မှ ငါးမန်းအမြန်သွားတိုက်ခိုက်ရေး ရေယာဉ်အမှတ် (ဝ၀၆)ပါ ၂ စီး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အမှတ်(၂) နယ်ခြားစောင့်တပ် Shahparirdip BOP ကင်းစခန်းမှ Subedar MD, Nur E Allam ဦးဆောင်သည့် စက်တပ် ရေယာဉ် ၂ စီး၊ စုစုပေါင်း ၄ စီးတို့သည် မေ ၃၀ ရက် နံနက်ပိုင်းက မကျီးချောင်းချောင်း ဝထိပ်၊ ရေမိုင် အမှတ် (၂)အနီးမှ ကညင်ချောင်းချောင်းဝထိပ်၊ ရေမိုင်အမှတ်(၅)အနီးအထိ နတ်မြစ် ကြောင်းအတိုင်း နှစ်နိုင်ငံနှစ်ဖက်ညှိနှိုင်း၍ ရေမိုင်ကင်းလှည့်ခဲ့ပြီး ရေယာဉ်အမှတ် (ဝ၀၆)ပေါ်၌ နှစ်ဖက်ကင်းလှည့်သည့်အဖွဲ့များ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။


(MDN)