နေပြည်တော်  ၃၀  ဇွန် 

မောင်တောမြို့နယ်၊ နယ်မြေ(၇)၊ အမှတ်(၁)နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ၊ မကျီးချောင်း ချောင်းဝရဲကင်း စခန်းမှ ဒုတိယရဲမှူး နိုင်အောင်သူ ဦးစီး တပ်ဖွဲ့ဝင်များသည် ဇွန် ၂၉ ရက်နံနက် ပိုင်းက ရေယာဉ်တပ်ဖွဲ့စု(မောင်တော)မှ ငါးမန်းအမြန်သွားတိုက်ခိုက်ရေးရေယာဉ်အမှတ်(ဝ၀၆)ပါ ၂ စီး ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံအမှတ်(၂)နယ်ခြားစောင့်တပ် Shahparidip BOP ကင်းစခန်းမှ Subedar MD, Nure Alam ဦးစီးတပ်ဖွဲ့ဝင်များသည်  စက်တပ်ရေယာဉ် ၂ စီး ၊ စုစုပေါင်း ၄ စီးတို့သည် နှစ်နိုင်ငံနယ်နိမိတ် နတ်မြစ်အလယ် မကျီးချောင်း ချောင်းဝထိပ် ရေမိုင်အမှတ်(၂) အနီးမှ ကညင်ချောင်း ချောင်းဝထိပ် ရေမိုင်အမှတ်(၅) အနီးထိ နတ်မြစ်ကြောင်းအတိုင်းနှစ်နိုင်ငံ နှစ်ဖက် ညှိနှိုင်း၍ ရေမိုင်ကင်းလှည့်ခဲ့ပြီး ရေယာဉ်အမှတ်(ဝ၀၆)ပေါ်၌ နှစ်ဖက်ကင်းလှည့်သည့် အဖွဲ့များ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။ 

(ရဲပြန်ကြား)