နေပြည်တော်   ၅  ဇူလိုင် 
      

၂၀၁၉ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့ နံနက် ၁၀ နာရီ ၄၀ မိနစ်မှ မွန်းတည့် ၁၂ နာရီထိ မောင်တောမြို့နယ်၊ နယ်မြေ(၃)၊ အမှတ်(၁)နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ၊ ကျီးကျွန်းရဲ ကင်းစခန်းမှ ရဲအုပ် မြတ်ဇော်ဉီးဦးစီး တပ်ဖွဲ့ဝင်များသည် ဇူလိုင် ၄ ရက် နံနက်ပိုင်းက ရေယာဉ်တပ်ဖွဲ့စု (မောင်တော)မှ ငါးမန်းအမြန် သွား တိုက်ခိုက်ရေး ရေယာဉ်အမှတ်(ဝ၀၄)ပါ (၂) စီး၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံ အမှတ်(၂) နယ်ခြား စောင့်တပ် Whykong BOP ကင်းစခန်းမှ Subedar MD, Mbdur Rajjak ဦးဆောင် သည့် တပ်ဖွဲ့ဝင်များသည် စက်တပ်ရေယာဉ်(၂)စီး စုစုပေါင်း(၄) စီးတို့ သည် နှစ်နိုင်ငံနယ်နိမိတ်အနီး ပြူးမချောင်းဝထိပ် နတ်မြစ်အလယ် ရေမိုင်အမှတ်(၁၅) မှ သဲချောင်း ချောင်းဝထိပ် ရေမိုင်အမှတ်(၁၈)အနီးထိ နတ်မြစ်ကြောင်းအတိုင်း နှစ်နိုင်ငံနှစ်ဖက် ညှိနှိုင်း၍ ရေမိုင် ကင်းလှည့်ခဲ့ပြီး ရေယာဉ်အမှတ်(ဝ၀၄)ပေါ်၌ နှစ်ဖက်ကင်းလှည့် သည့်အဖွဲ့များ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။ 

(ရဲပြန်ကြား)