နေပြည်တော် ၁၂ ဇူလိုင်
မောင်တောမြို့နယ်၊ နယ်မြေ(၅)၊ အမှတ်(၂)နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ ငါးခူရနယ်မြေရုံးမှ ရဲမှူးကျော်ဝင်း ဦးစီးသည့် ရေယာဉ်တပ်ဖွဲ့စု(မောင်တော)မှ ငါးမန်း အမြန်သွား တိုက်ခိုက်ရေး ရေယာဉ်အမှတ်(ဝ၀၅)ပါ(၂)စီးနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အမှတ်(၂) နယ်ခြားစောင့်တပ် Nhilla BOP ကင်းစခန်းမှ Subedar MD, Abdur Razzak ဦးဆောင်သည့် စက်တပ်ရေယာဉ်(၂)စီး၊ စုစုပေါင်း (၄)စီးတို့သည် ဇူလိုင် ၁၁ ရက် နံနက်ပိုင်းက နှစ်နိုင်ငံနယ်နိမိတ် နတ်မြစ်အလယ် စံပယ်ပင်ရင်း(၁)ချောင်းဝထိပ် ရေမိုင်အမှတ်(၁၁)အနီးမှ ပြူးမချောင်း ချောင်းဝထိပ် ရေမိုင်အမှတ်(၁၅)အနီးထိ နတ်မြစ်ကြောင်းအတိုင်း နှစ်နိုင်ငံ နှစ်ဖက်ညှိနှိုင်း၍ ရေမိုင်ကင်းလှည့်ခဲ့ပြီး ရေယာဉ်အမှတ် (ဝ၀၅)ပေါ်၌ နှစ်ဖက်ကင်းလှည့်သည့် အဖွဲ့များ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
(ရဲပြန်ကြား)


