နေပြည်တော် ၂၆ ဇူလိုင်
မောင်တောမြို့နယ်၊ နယ်မြေ(၆)၊ အမှတ်(၄)နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ၊ ပြင်ဖြူနယ် မြေရုံးမှ ရဲမှူးမြင့်အောင်ဦးစီးသည့် ရေယာဉ်တပ်ဖွဲ့စု(မောင်တော)မှ ငါးမန်းအမြန်သွား တိုက်ခိုက်ရေး ရေယာဉ်အမှတ်(ဝ၀၁)ပါ (၂)စီးနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အမှတ်(၂)နယ်ခြား စောင့်တပ် Teknaf BOP ကင်းစခန်းမှ Naib Subedar Humyon Kabir ဦးဆောင်သည့် စက်တပ်ရေယာဉ် (၂) စီး စုစုပေါင်း(၄)စီးတို့သည် ဇူလိုင် ၂၅ ရက် နံနက်ပိုင်းက နှစ်နိုင်ငံ နယ်နိမိတ် နတ်မြစ်အလယ် ကညင်ချောင်း ချောင်းဝထိပ် ရေမိုင်အမှတ်(၅)အနီးမှ မင်္ဂလာကြီး ချောင်းဝရေမိုင်အမှတ်(၈)အနီးထိ နတ်မြစ်ကြောင်းအတိုင်း နှစ်နိုင်ငံနှစ်ဖက်ညှိနှိုင်း၍ ရေမိုင်ကင်းလှည့်ခဲ့ပြီး ရေယာဉ်အမှတ်(ဝ၀၁)ပေါ်၌ နှစ်ဖက်ကင်းလှည့်သည့်အဖွဲ့များ တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
MDN


