နေပြည်တော် ၁၀  မေ 

မောင်တောမြို့နယ် နယ်မြေ(၅) အမှတ်(၂) နယ်ခြားစောင့်ရဲကွပ်ကဲမှုအဖွဲ့ခွဲ (ငါးခူရ နယ်မြေရုံး)မှ ရဲမှူးကျော်ဝင်း ဦးစီးသည့် တပ်ဖွဲ့ဝင်များက မေ ၉ ရက် နံနက်ပိုင်းတွင် ရေယာဉ် တပ်ဖွဲ့စု (မောင်တော)မှ ငါးမန်းအမြန်သွားတိုက်ခိုက်ရေး ရေယာဉ်အမှတ် (ဝ၀၂)ပါ(၂)စီး ဖြင့် လည်းကောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အမှတ်(၂)နယ်ခြားစောင့်တပ် Nhilla BOP ကင်းစခန်းမှ Nayeb Subedar MD.Salauddin ဦးဆောင်သည့် အဖွဲ့ဝင်များက စက်တပ်ရေယာဉ်(၂)စီးဖြင့် လည်းကောင်း စံပါယ်ပင်ရင်းချောင်းဝထိပ် ရေမိုင်အမှတ်(၁၁)အနီးမှ ပြူးမချောင်းချောင်းဝထိပ် ရေမိုင်အမှတ်(၁၅) အနီးထိ နတ်မြစ်ကြောင်းအတိုင်း နှစ်နိုင်ငံနှစ်ဖက် ညှိနှိုင်း၍ ရေမိုင်လှည့်ကင်း ဆောင်ရွက်ခဲ့ပြီး ရေယာဉ်အမှတ်(ဝ၀၂) ပေါ်၌ နှစ်ဖက်ကင်းလှည့်သည့်အဖွဲ့များ တွေ့ဆုံခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

MDN