နေပြည်တော် မတ် ၆

ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့၌ မတ် ၅ ရက်တွင် ကျင်းပခဲ့သည့် မြန်မာ - ရုရှား စီးပွားရေးဖိုရမ်တွင် ဆွေးနွေးညှိနှိုင်းချက်များအရ မြန်မာနိုင်ငံမှ ပေါင်းဆန်များအား ရုရှားနိုင်ငံသို့တင်ပို့နိုင်ရေးနှင့် ရုရှားနိုင်ငံမှ ဓာတ်မြေသြဇာတန်ချိန် သုံးသိန်းနှင့် ပိုးသတ်ဆေးများ ဝယ်ယူရေးတို့အတွက် မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့အကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲကို စိန့်ပီတာစဘတ်မြို့ lotte Hotel ၌ ယနေ့ဒေသစံတော်ချိန် နံနက်ပိုင်းတွင် ကျင်းပသည်။

အဆိုပါ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဗိုလ်ချုပ်ကြီး ညိုစော၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့် မြန်မာနိုင်ငံ မြေသြဇာအသင်းတို့၏ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး မြန်မာဘက်မှ ကိုယ်စားလှယ်နှင့် ရုရှားနိုင်ငံဘက်မှ ကိုယ်စားလှယ်တို့က လက်မှတ်ရေးထိုးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်