နေပြည်တော် ၁၄ မေ
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေသည် မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျနိုင်ငံ သံအမတ်ကြီး Ms. Andrea Faulkner နှင့်အဖွဲ့အား ယနေ့နံနက်(၁၀)နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် မြန်မာ-သြစတြေးလျ နှစ်နိုင်ငံအကြား နယ်စပ်ဒေသကာကွယ်ရေး၊ လူဝင်မှုကြီးကြပ်ရေး၊ သတင်းအချက်အလက်မျှဝေရေးနှင့် နည်း ပညာမြင့်မားရေးတို့အတွက် ဆက်လက်ပူးပေါင်း ဆောင်ရွက်နိုင်ရေး အခြေအနေများနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)