ကော့သောင်း   သြဂုတ်   ၂၀

 

အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၏ ထိုင်းနိုင်ငံသို့ MoU စနစ်ဖြင့် မြန်မာ အလုပ်သမားများ စေလွှတ်ရေးလုပ်ငန်းစဉ်အရ ဩဂုတ် ၂၀ ရက် မွန်းလွဲပိုင်းက ကော့သောင်း နယ်စပ်ဂိတ်မှတစ်ဆင့် မြန်မာအလုပ်သမား အမျိုးသား ၄၀၊ အမျိုးသမီး ၁၀ ဦး စုစုပေါင်း အလုပ်သမား ၅၀ သည် ထိုင်းနိုင်ငံသို့ အလုပ်လုပ်ကိုင်ရန် ထွက်ခွာသွားကြောင်း သိရသည်။

 

အဆိုပါ မြန်မာအလုပ်သမားများအား ပြည်ပအလုပ်အကိုင် အကျိုးဆောင်(ထိုင်း) လိုင်စင်ရ အေဂျင်စီတစ်ခုဖြစ်သည့် Golden Royal Mandalay Co, Ltd မှ ထိုင်းနိုင်ငံရှိ Chocksamut Marine Co, Ltd သို့ ()နှစ်စာချုပ်ဖြင့် အလုပ်လုပ်ကိုင်နိုင်ရန် တာဝန်ယူဆောင်ရွက်ပေးခြင်းဖြစ်ကာ ရန်ကုန်မြို့မှတစ်ဆင့် ကော့သောင်းမြို့သို့ လေကြောင်းခရီးစဉ်ဖြင့် ခေါ်ယူခဲ့ပြီး ကော့သောင်း အပြည်ပြည်ဆိုင်ရာ နယ်စပ်ဂိတ်မှတစ်ဆင့် ရေလမ်းခရီးဖြင့် ထိုင်းနိုင်ငံသို့ ပို့ဆောင်ပေးခြင်းဖြစ်ရာ သွားရောက် အလုပ်လုပ်ကိုင်မည့် မြန်မာအလုပ်သမားများအား ကော့သောင်းခရိုင် အလုပ်သမား ညွှန်ကြားမှုဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ကော့သောင်းခရိုင် ရုံးနှင့် တာဝန်ရှိအဖွဲ့အစည်းများက လို့အပ်သည့် စစ်ဆေးမှုများ ဆောင်ရွက်ပေးခဲ့ကြပြီး အလုပ်အကိုင် ကုမ္ပဏီတာဝန်ရှိသူများက ထိုင်းနိုင်ငံရှိ အလုပ်လုပ်ကိုင်မည့် ကုမ္မဏီသို့ စနစ်တကျ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ကျော်စိုး(ကော့သောင်း)