ရန်ကုန် စက်တင်ဘာ၁၅
နိုင်ငံတော်ပိုင်လေကြောင်းလိုင်းဖြစ်သည့် မြန်မာအမျိုးသားလေကြောင်းမှ Boeing 737-400 လေယာဉ် အမျိုးအစား Cargo လေယာဉ်အား ကြိုဆိုသည့်အခမ်းအနားကို ယနေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကျင်းပပြုလုပ်သည်။
အဆိုပါ လေယာဉ်အမှတ် 9M-POS၊ Flight No. (3G087) Cargo လေယာဉ်သည် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှ ထွက်ခွာ၍ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ မွန်းလွဲ (၂)နာရီတွင် ဆိုက်ရောက်ခဲ့ပြီး မြန်မာအမျိုးသားလေကြောင်း၏ ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေး လေကြောင်းခရီးစဉ်များတွင် အသုံးပြု ပျံသန်းပြေးဆွဲသွားမည်ဖြစ်သည်။ ယင်းလေယာဉ်သည်တန်ချိန်အားဖြင့် ၁၈ တန်အထိ သယ်ဆောင်နိုင် မည့်အပြင် ပုံမှန်လေကြောင်းခရီးစဉ်တွင် သယ်ဆောင်၍မရသော Dangerous Goods များကိုလည်း ပို့ဆောင်နိုင်မည်ဖြစ်သည်။ ခရီးစဉ်များအဖြစ် ရန်ကုန်မြို့မှအခြေပြု၍ တရုတ်ပြည်သူ့ သမ္မတနိုင်ငံအတွင်း ရှိမြို့များနှင့် ကွာလာလမ်ပူ၊ စင်ကာပူ၊ ဟောင်ကောင်၊ အိန္ဒိယနိုင်ငံတို့သို့ ပြေးဆွဲသွားရန် စီစဉ်ထားရှိသည်။
ယနေ့သည် မြန်မာအမျိုးသားလေကြောင်း၏ (၇၅)နှစ်မြောက် စိန်ရတုနှစ်ပြည့်မြောက်သည့် အထိမ်းအမှတ် အနေဖြင့် Boeing 737-400 လေယာဉ်အမှတ် 9M-POS (Flight No. 3G087) Cargo လေယာဉ်အား ရန်ကုန်မြို့သို့စတင် သယ်ဆောင်လာခြင်းဖြစ်ပြီး ထိုလေယာဉ်ဖြင့် မြန်မာအမျိုးသား လေကြောင်း၏ ကုန်ပစ္စည်းသယ်ယူပို့ဆောင်သည့် ခရီးစဉ်များကို ပိုမိုချဲ့ထွင် ပျံသန်းပို့ဆောင်နိုင်စေမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)