ပွင့်ဖြူ   ၂  ဇူလိုင်

 

၂၀၂၀ ပြည့်နှစ် ဇူလိုင် ၃ ရက်တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့ နံနက် ၈ နာရီက ပွင့်ဖြူမြို့နယ် ကျွန်းပင်စင်(စံပြ)ကျေးရွာ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

 

အဆိုပါ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းသိန်းအောင်နှင့် မြို့နယ် အမျိုးသမီး ရေးရာအဖွဲ့ဉက္ကဋ္ဌ ဒေါ်နန်းနီနီဝင်းတို့က ဦးဆောင်ကာ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ် သစ်တောဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ကျေးရွာနေပြည်သူများ တက်ရောက်၍ ကျွန်း ၊ မယ်ဇယ် ၊ သရက် ၊ ကုက္ကို ၊ ငုစပ် ၊ ထောက်ကြံ့ ၊ တမာ ၊ နဘဲ၊ ဖန်ခါး ၊ ကံ့ကော် စသည့် အရိပ်ရပျိုးပင် အပင်(၁၀၀) အား ကျွန်းပင်စင်(စံပြ) ကျေးရွာအဝင် လမ်းဘေး(ဝဲ ၊ ယာ)တွင် စိုက်ပျိုးခဲ့ကြောင်း သိရသည်။

 

အဆိုပါ အရိပ်ရပျိုးပင်များ စိုက်ပျိုးနိုင်ရေးအတွက် မြို့နယ်သစ်တောဦးစီးဌာနမှ ပျိုးပင်များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

ရဲဝင်းနိုင် (ညောင်ဦး)