ရန်ကုန် ၂၈ ဇွန် 

 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ Trade Training Institute နှင့် ဥရောပသမဂ္ဂတို့၏ ပံ့ပိုးကူညီမှုဖြင့် တတိယအကြိမ် မြန်မာအပြည်ပြည်ဆိုင်ရာ ပညာရေးပြပွဲ-၂၀၁၉ ကို ယနေ့ နံနက် ၉ နာရီတွင် ရန်ကုန်မြို့ တပ်မတော်ခန်းမ၌ ကျင်းပသည်။


ပြပွဲတွင် ပြည်တွင်း ပြည်ပမှ တက္ကသိုလ်နှင့်ကောလိပ်များ၊ ပုဂ္ဂလိကကျောင်းများ၊ ပညာရေးသင်တန်းကျောင်းများ၊ စီးပွားရေးနှင့် စီမံခန့်ခွဲမှုသင်တန်းကျောင်းများနှင့် နည်းပညာဆိုင်ရာ သင်တန်းကျောင်းများ၊ နိုင်ငံခြားဘာသာ သင်တန်းကျောင်းများ၊ နိုင်ငံခြားတက္ကသိုလ်ဝင်ခွင့် သင်တန်းကျောင်းများ၊ အနုပညာနှင့် ပတ်သက်သော သင်တန်း ကျောင်းများ၊ ဟိုတယ်နှင့် ခရီးသွားဆိုင်ရာ သင်တန်းကျောင်းများ၊ ပညာရေး အတိုင်ပင်ခံ သင်တန်းကျောင်းများ၊ အင်ဂျင်နီယာ ဘာသာရပ်ဆိုင်ရာ သင်တန်းကျောင်းများ၊ ဆေးပညာဆိုင်ရာ သင်တန်းကျောင်းများ၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာ သင်တန်း ကျောင်းများ၊ ပညာရေးဝန်ဆောင်မှု လုပ်ငန်းများနှင့် စာအုပ်စာပေများ၊ စာရေးကိရိယာ အမျိုးမျိုးတို့ကို စုံလင်စွာ ပြသထားသည်။


ပြပွဲကာလအတွင်း ဥရောပသမဂ္ဂ၏ ၁၀ဝ ရာခိုင်နှုန်း စကောလားရှစ်ပေးမည် အခွင့်အရေးနှင့်အတူ ဥရောပသမဂ္ဂမှ ပေးအပ်မည့် ပညာသင်ဆုအကြောင်းနှင့် ပတ်သက်သည့် ပညာရှင်များက  “နေရာမရွေး ပညာရေး” ခေါင်းစဉ် အပါအဝင် ဆွေးနွေးဟောပြောပွဲများ၊ ဉာဏ်စမ်းပဟေဠိ အစီအစဉ်များ ပါဝင်မည်ဖြစ်သည်။


ပြပွဲကို ဇွန် ၂၈ မှ ၃၀ ရက်အထိ နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ဖွင့်လှစ်သွားမည်ဖြစ်ပြီး နေ့စဉ် မိုဘိုင်းဟန်းဆက်များကို ကံစမ်းမဲဖောက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။ 


သတင်းစဉ်