ကျိုက် မရော ၂၃ စက်တင်ဘာ

 

မော်လမြိုင်ခရိုင် ကျိုက်မရောမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မဖြစ်ပွားစေရေးအတွက် မြန့်မာ့စီးပွားရေးဘဏ်ခွဲတွင်  ပင်စင်လာရောက်ထုတ်ယူလျက်ရှိသော အငြိမ်းစားဝန်ထမ်း ပင်စင်စားများအား နှာခေါင်းစည်း (mask) များ အခမဲ့ ဖြန့်ဝေပေးခြင်းကို ယနေ့နံနက် ၉နာရီက ကျိုက်မရောမြို့မြန်မာ့စီးပွားရေးဘဏ်ခွဲ၌ ပြုလုပ်သည်။

 

ထိုသို့ နှာခေါင်းစည်း mask များ အခမဲ့ဖြန့်ဝေပေးခြင်းကို မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဦးစီးမှူး နှင့် ဝန်ထမ်းများက မြန်မာ့စီးပွားရေးဘဏ်ခွဲမှ ဝန်ထမ်းများနှင့် ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ကျိုက်မရောမြို့နယ်တွင် ပင်စင်ထုတ်ယူလျက်ရှိသော အငြိမ်းစားဝန်ထမ်းဦးရေမှာ ၇၀၀ ကျော်ခန့်ရှိသည့်အတွက် ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း လူစုလူဝေးမဖြစ်ပေါ်စေရန် ကျေးရွာများမှ အငြိမ်းစားဝန်ထမ်းများအား စက်တင်ဘာ ၂၁ရက်နေ့မှစ၍ ထုတ်ပေးလျက်ရှိပြီး လူတစ်ဦးနှင့်တစ်ဦး  ၆ ပေအကွာမှ နေ၍ စနစ်တကျ တန်းစီကာ တစ်ကြိမ်လျှင် (၁၀) ဦးသာ ထုတ်ပေးလျက်ရှိကြောင်း၊   မြို့ပေါ်ရှိ အငြိမ်းစားဝန်ထမ်းများအား စက်တင်ဘာ ၂၃ရက် ယနေ့နံနက်ပိုငိးမှ စ၍ ထုတ်ပေးလျက်ရှိရာ အဆိုပါပင်စင်လစာငွေ လာရောက်ထုယ်ယူသူအငြိမ်းစားများအတွက် တစ်ဦးလျှင် နှာခေါင်းစည်း သုံးခုစီထုတ်ပေး၍ အသုံးပြုပြီးသား mask များကို ပြန်လည် အသုံးမပြုမိစေရန် အသိပညာပေး ဆွေးနွေးပေးခဲ့ ကြောင်း သိရသည်။

 

ချိုချို(ပြန်/ဆက်)

 

mdn