ရန်ကုန်  ၁၇ မေ 


မြန်မာ့စတော့ရှယ်ယာဈေးကွက်အပေါ် ရှုမြင်သုံးသပ်ချက်နှင့် ဦးတည်ရာ (၂၀၁၉)ခေါင်းစဉ်ဖြင့် စကားဝိုင်း ဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ ၂ နာရီက ရန်ကုန်မြို့ ဆူးလေဘုရားလမ်းရှိ ရန်ကုန်စတော့အိတ်ချိန်းတွင် ကျင်းပခဲ့သည်။


စတော့ရှယ်ယာ ရင်းနှီးမြုပ်နှံမှုဆိုင်ရာ ဆွေးနွေးပွဲများမှတစ်ဆင့် ပြည်သူများ စတော့ရှယ်ယာဈေးကွက်ကို လေ့လာသုံးသပ်တတ်စေရန် ရည်ရွယ်၍ ဆွေးနွေးပွဲပြုလုပ်ရခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါဆွေးနွေး ပွဲတွင် မြန်မာနိုင်ငံ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်မှ ကော်မရှင်နာ ဦးဌေးချွန် နှင့် ရန်ကုန်စတော့အိတ်ချိန်းမှ ဒါရိုက်တာ Mr. Masaharu Harada တို့က အဖွင့်အမှာစကား ပြောကြားခဲ့သည်။


ထို့နောက် စကားဝိုင်းဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ The Voice ဂျာနယ်မှ အမှုဆောင်အရာရှိချုပ် ဦးဇေယျသူက ဦးဆောင်ဆွေးနွေးပြီး စာရေးဆရာနှင့် ဘဏ္ဍာရေးအကြံပေး ဦးကျော်မျိုးထွန်း၊ ရန်ကုန် စတော့အိတ်ချိန်းမှ Executive Senior Manager ဦးသက်ထွန်းဦး၊ KPMG မှ Partner In charge ဒေါ်စီစီထွန်းနှင့် MTSH ကုမ္ပဏီမှ ပရောဂျက်ဒါရိုက်တာ ဦးသူရိန်အောင်တို့က စတော့ရှယ်ယာဈေးကွက် အလားအလာများ၊ တိုးတက်လာသောပြောင်းလဲမှုများ စသည်ဖြင့် စတော့ရှယ်ယာဈေးကွက် အခြေအနေ များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။


ထင်ပေါ်ဝင်း(ကမာရွတ်)

 

1