မြန်မာလွှတ်တော်နှင့် Hanns Seidel Foundation-HSF တို့အကြား ချုပ်ဆိုသည့် မြန်မာလွှတ်တော်များ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ သက်တမ်းတိုး (MoU) လက်မှတ်ရေးထိုးပွဲကျင်းပ

နေပြည်တော် ၃၁  မေ

မြန်မာလွှတ်တော်နှင့် Hanns Seidel Foundation-HSF တို့အကြား ချုပ်ဆိုသည့် မြန်မာလွှတ်တော်များ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ သက်တမ်းတိုး (MoU) လက်မှတ်ရေးထိုးပွဲကို ယနေ့ မွန်းလွဲ  ၂ နာရီတွင် လွှတ်တော်ရေးရာဆောင်  I-9 ၌ ကျင်းပသည်။

လက်မှတ်ရေးထိုးပွဲသို့ လွှတ်တော်များ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရေးအဖွဲ့-JCC ဥက္ကဋ္ဌ၊ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်နှင့် JCC အဖွဲ့ဝင်များ၊ Hanns Seidel Foundation-HSF မှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြသည်။

ရှေးဦးစွာ လွှတ်တော်များဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ JCC ဥက္ကဋ္ဌက အဖွင့်အမှာစကား ပြောကြားပြီး Hanns Seidel Foundation-HSF မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. AchimMunzက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ယင်းနောက် နားလည်မှုစာချွန်လွှာ (MoU)အားပြည်ထောင်စုလွှတ်တော် ညွှန်ကြားရေး မှူးချုပ် JCCအဖွဲ့အတွင်းရေးမှူး၊ ဦးကျော်စိုးနှင့် Hanns Seidel Foundation-HSF မှ ဌာနေ ကိုယ်စားလှယ် Mr. AchimMunz တို့က လက်မှတ်ရေးထိုးကြသည်။

(သတင်းစဉ်)