နေပြည်တော် ဇူလိုင်  ၁၂

 

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် ဦးကျော်စိုး၊ ဒေါက်တာသန်းမြင့်နှင့် ဒေါက်တာ မြင့်သူမြိုင်တို့ ဦးဆောင်သော ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ် သံလွင်လမ်းရှိ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဌာနသို့ သွားရောက် ကြည့်ရှုစစ်ဆေး ကြသည်။

 

ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဌာနအတွင်း လက်ခံစောင့်ရှောက်သင်ကြား ပေးလျက်ရှိသော သင်တန်းသူများ၏ ကျန်းမာရေးစောင့်ရှောက်မှု၊ အစားအစာကျွေး မွေးမှု၊ အိပ်ဆောင် များထားရှိမှု၊ နိုင်ငံသားစိစစ်ရေးကတ်ပြားရရှိမှု၊ သန့်ရှင်းသော သောက်သုံးရေရရှိအောင် ဆောင်ရွက်ပေး နေမှု၊ ပညာသင်ကြားခွင့်၊ မိသားစုနှင့် ဆက်သွယ်ခွင့်၊ မိသားစုနှင့်ပြန် လည်ပေါင်းစည်းခွင့်၊ အသက်မွေး ဝမ်းကျောင်းပညာသင်ကြားခွင့်၊ လွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့် စသည့် အခြေခံလူ့အခွင့်အရေးများ ရရှိအောင် ဆောင်ရွက်ပေးနေမှု အခြေအနေများကို ကြည့်ရှု စစ်ဆေးပြီး အကြံပြုချက်များပေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)