မြောင်းမြ ၁၈ သြဂုတ်
မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အကြိုစာအုပ် စာစောင်ပြသပွဲကို ယမန်နေ့ နံနက် ၉ နာရီ က မြောင်းမြခရိုင် ပြည်သူ့စာကြည့်တိုက်၌ ကျင်းပခဲ့ကြောင်း သိရသည်။
လူကုန်ကူးတိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်အဖြစ် သတ်မှတ်၍ နိုင်ငံသားအားလုံးပူး ပေါင်းဆောင်ရွက်ရန်၊ လူကုန်ကူးမှုဆိုင်ရာ အသိပညာများ ပြည်သူလူထုအတွင်း စိမ့်ဝင်ပျံ့နှံ့စေရန်၊ လူကုန်ကူးခံရသူများအား စာနာ နားလည်ခြင်းဖြင့် ကာကွယ်စောင့်ရှောက်နိုင်ရန်၊ လူကုန်ကူးမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များအားလုံးတွင် ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပြည်သူလူထု တစ်ရပ်လုံး၏ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်ရည်ရွယ်ထားကြောင်း မြို့နယ်ဦးစီးမှူး ဒေါ်ကေခိုင်စိုးက ပြောကြားသည်။
အဆိုပါ စာအုပ်စာစောင်နှင့် နံရံကပ်စာစောင်ပြသပွဲကို မြောင်းမြခရိုင်ပြည်သူ့စာကြည့်တိုက်၌ သြဂုတ် ၁၇ မှ ၁၉ ရက် အထိ ၃ ရက်ကြာ ပြသသွားမည်ဖြစ်ပြီး မည်သူမဆို လာရောက်လေ့လာကြည့်ရှုနိုင်ကြောင်းနှင့် ပြည်သူများ လာရောက် လေ့လာရာတွင် COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ လေ့လာနိုင်ရန် စီစဉ်ဆောင်ရွက်ပေးထားကြောင်း သိရသည်။
ခရိုင် ပြန်/ဆက်