ရန်ကုန် စက်တင်ဘာ ၂၉

 

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟန်ကျိုးမြို့တွင် စက်တင်ဘာ (၂၃)ရက်မှ အောက်တိုဘာ (၈)ရက်အထိ ကျင်းပ ပြုလုပ်လျက်ရှိသည့် (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲသို့ တက်ရောက်ခဲ့သည့် မြန်မာနိုင်ငံ အိုလံပစ် ကော်မတီဥက္ကဌ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့်အတူ မြန်မာအားကစားအဖွဲ့သည် ယနေ့ မွန်းလွဲပိုင်းတွင် လေကြောင်းခရီဖြင့် ရန်ကုန်မြို့သို့  ပြန်လည်ရောက်ရှိ လာရာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ ယဉ်ကျေးမှုသံမှူး Mr. Pan Feng ၊ အားကစား နှင့် ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဆွေ၊ ရန်ကုန်တိုင်းဒေသကြီး  အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုးနှင့် တာဝန်ရှိပုဂ္ဂိုလ်များက  ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုခဲ့ကြသည်။

 

မြန်မာအားကစားအဖွဲ့တွင် ပြည်ထောင်စုဝန်ကြီးနှင့်အတူ အုပ်ချုပ်မှုအဖွဲ့(၃)ဦး၊ မြန်မာနိုင်ငံ ဝူရှူးအားကစား အဖွဲ့ချုပ်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် မြန်မာဝူရှူး အားကစားအဖွဲ့(၅)ဦးတို့ပြန်လည်လိုက်ပါလာကြောင်း သိရသည်။    

(သတင်းစဉ်)